Back to Home
Verified by GS1
Verified by GS1 ဖြင့် ရှာဖွေပါ
Verified by GS1 သည် ကုန်ပစ္စည်း၊ ကုမ္ပဏီ၊ တည်နေရာနှင့် အခြား GS1 Identification Key များနှင့် သက်ဆိုင်သော အချက်အလက်များကို လွယ်ကူစွာ ရှာဖွေ၊ စစ်ဆေးအတည်ပြုနိုင်ရန် ပံ့ပိုးပေးသည့် ဝန်ဆောင်မှုတစ်ခုဖြစ်ပါသည်။ ယနေ့ခေတ် Digital Commerce နှင့် Global Supply Chain လောကတွင် မှန်ကန်တိကျသော အချက်အလက်များကို အချိန်မရွေး စစ်ဆေးနိုင်ခြင်းသည် စီးပွားရေးလုပ်ငန်းများအတွက် အရေးကြီးလာသည်နှင့်အမျှ Verified by GS1 သည် အသုံးဝင်သော အခန်းကဏ္ဍမှ ပါဝင်လျက်ရှိပါသည်။
Verified by GS1 မှတစ်ဆင့် GTIN ကို အသုံးပြု၍ ကုန်ပစ္စည်းတစ်ခု၏ Barcode Number နှင့် သက်ဆိုင်သော Product Identification ကို ရှာဖွေစစ်ဆေးနိုင်ပါသည်။ ထို့ကြောင့် မိမိရှာဖွေနေသော Barcode Number သည် သက်ဆိုင်ရာ ကုန်ပစ္စည်းနှင့် မှန်ကန်စွာ ကိုက်ညီမှုရှိ၊ မရှိကို အလွယ်တကူ သိရှိနိုင်မည်ဖြစ်ပါသည်။ ထို့အပြင် GLN ကို အသုံးပြု၍ Company၊ Organization သို့မဟုတ် Location တစ်ခု၏ Identity ကိုလည်း စစ်ဆေးနိုင်ပါသည်။
GTIN နှင့် GLN အပြင် SSCC၊ GRAI၊ GDTI နှင့် အခြား GS1 Identification Key များကိုလည်း ရှာဖွေစစ်ဆေးနိုင်ပါသည်။ ဤဝန်ဆောင်မှုမှတစ်ဆင့် GS1 Key တစ်ခု၏ မှန်ကန်မှုနှင့် သက်ဆိုင်ရာ Licence Ownership Information များကို စစ်ဆေးနိုင်သဖြင့် GS1 Identification များကို ပိုမိုယုံကြည်စိတ်ချစွာ အသုံးပြုနိုင်မည်ဖြစ်ပါသည်။
ထို့အပြင် Company Name နှင့် Country ကို အသုံးပြု၍ သက်ဆိုင်ရာ ကုမ္ပဏီကို ရှာဖွေနိုင်ပါသည်။ ၎င်းလုပ်ဆောင်ချက်သည် မိမိနှင့် စီးပွားရေးဆက်သွယ်လုပ်ကိုင်မည့် Trading Partner သို့မဟုတ် ကုမ္ပဏီတစ်ခုသည် GS1 Member ဖြစ်၊ မဖြစ် စစ်ဆေးလိုသည့်အခါတွင်လည်း အထောက်အကူပြုနိုင်ပါသည်။
Verified by GS1 သည် Product၊ Location၊ Company နှင့် အခြား GS1 Key များနှင့် သက်ဆိုင်သော အချက်အလက်များကို Search, Look Up and Verify ပြုလုပ်နိုင်စေခြင်းဖြင့် ပိုမိုမှန်ကန်သော Data နှင့် ယုံကြည်စိတ်ချရသော စီးပွားရေးဆက်သွယ်မှုများကို တည်ဆောက်နိုင်ရန် ကူညီပေးပါသည်။ GS1 Myanmar Member များအနေဖြင့်လည်း မိမိတို့၏ Product နှင့် Company Information များကို မှန်ကန်တိကျစွာ စီမံခန့်ခွဲထားခြင်းဖြင့် Digital Commerce နှင့် Global Business Environment တွင် ပိုမိုကောင်းမွန်စွာ ချိတ်ဆက်လုပ်ကိုင်နိုင်မည်ဖြစ်ပါသည်။