The global barcode experts

ကျွန်ုပ်တို့သည် လက်လီရောင်းချသူများ၊ ၎င်းတို့ထံ ကုန်ပစ္စည်းတင်သွင်းနေသူများ နှင့် မိတ်ဘက်လုပ်ငန်းများ မှအသုံးပြုလျှက်ရှိသော ဘားကုဒ်စနစ်နံပါတ်များအား စီမံခန့်ခွဲနေသော နိုင်ငံတကာအဖွဲ့အစည်းတစ်ခုဖြစ်ပြီး၊ ပြည်တွင်းရှိလုပ်ငန်း အဖွဲ့အစည်းများအနေဖြင့် လိုအပ်သောဘားကုဒ်နံပါတ်များလျှောက်ထားရန် အတွက် မှန်ကန်တိကျစွာဆောင်ရွက်ပေးနိုင်သောနေရာတစ်ခုဖြစ်ပါသည်။ ကျွန်ုပ်တို့အနေဖြင့် လူကြီးမင်းတို့လုပ်ငန်းတွင်အရေးကြီးသော သတင်းအချက်အလက်များကို မိတ်ဘက်လုပ်ငန်းများထံသို့ တိကျမှန်ကန်စွာ မျှဝေပေးရာတွင် အထောက်အကူပြုနိုင်ရန်အတွက် ဖန်တီးထားသော တခြားနည်းစနစ်များလည်းရှိပါသည်။ တကယ်တမ်း မိမိလုပ်ငန်းရဲ့ ဖောက်သည်တွေ၊ မိမိထံ ကုန်ပစ္စည်းပေးသွင်းနေသူတွေ ၊ စီးပွားဆက်စပ်လုပ်ကိုင်ဆောင်ရွက်နေသူတွေအားလုံးဟာ တူညီတဲ့ စနစ်ရဲ့ ဘာသာစကားတစ်ခုထဲကိုသာ အသုံးပြုကြမယ်ဆိုရင် လုပ်ငန်းများလုပ်ကိုင်ဆောင်ရွက်ရာမှာ ပိုမိုအဆင်ပြေလွယ်ကူစေနိုင်မှာပဲဖြစ်ပါတယ်။

GS1 ဆိုတာ?

Global Standard 1 (GS1) သည် လက်ရှိအဖွဲ့ဝင်ပေါင်း ၁သန်းကျော်ရှိနေသော နိုင်ငံတကာအဖွဲ့အစည်းတစ်ခုဖြစ်သည်။ အဖွဲ့ဝင်များ၏လုပ်ငန်းများအားအထောက်အကူပေးနိုင်သည့် နည်းပညာစနစ်စံချိန်စံညွှန်းများကို ဖန်တီးပြုလုပ်ပြီး ကောင်းမွန်စွာစီမံခန့်ခွဲပေးလျှက်ရှိသည်။ GS1 ကဘာတွေလုပ်ကိုင်ဆောင်ရွက်နေလဲဆိုတာပိုမိုသိရှိနိုင်ရန် အဖွဲ့ဝင်အဖြစ် ပါဝင်နိုင်ပါသည်။

ဆက်သွယ်ရန်

GS1 Myanmar သို့ဆက်သွယ်ရန်